Local News: လိပ်စာနဲ့ဖုန်းနံပါတ်မပါတဲ့ စားသောက်ကုန်တွေကို အရေးယူမယ်

၂၀၁၇ ဇန်န၀ါရီ ၁၅ ကနေစပြီး ဆောင်ရွက်သွားမှာပါ။

play

 

ပြည်တွင်းမှာထုတ်လုပ်တဲ့ စားသောက်ကုန်တွေမှာ လိပ်စာနဲ့ ဖုန်းနံပါတ်တွေ မပါရင် ဖမ်းဆီးအရေးယူတာတွေ ပြုလုပ်သွားမယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကနေ သိရပါတယ်။

‘‘ထုတ်လုပ်ပြီဆိုတာနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။ ကျွန်တော်ထုတ်ထားတဲ့ ပစ္စည်းက ဒီဖုန်းနံပါတ်ကို ဆက်သွယ်ပါ။ မကျေနပ်တာ၊ တစ်ခုခုဖြစ်ရင် ဖုန်းနံပါတ်တင်မရဘူး။ ဖုန်းနံပါတ်က ကောက်ပေးချင်တာ ပေးမှာ။ ဒီလိပ်စာကို ဆက်သွယ်ပါ။ ဖုန်းနံပါတ်ပါရမယ်၊ လိပ်စာပါရမယ်’’လို့ FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောပါတယ်။

ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေမှာ ဆက်သွယ်ရမယ့် လိပ်စာ၊ ဖုန်းနံပါတ်တို့အပြင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထောက်ခံထားတဲ့ ထောက်ခံချက် နံပါတ်၊ လိုင်စင်အမှတ်၊ စားသောက်ကုန် ထုတ်လုပ်တဲ့ရက်နဲ့ ကုန်ဆုံးမယ့် ရက်တွေပါရှိရမှာဖြစ်ပြီး အဲဒီအချက်တွေမပါရင် စားသောက်ကုန်တွေကို ထိန်းသိမ်းသွားမယ်လို့ ဒေါက်တာသန်းထွဋ်က ပြောပါတယ်။

ဖမ်းဆီး အရေးယူမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီ၊ ဥပဒေဘက်တော်သားတွေအပြင် အစိုးရအဖွဲ့မဟုတ်တဲ့ လူမှုရေးအဖွဲ့တွေက ထိန်းသိမ်းဆောင်ရွက်တာကို ၂၀၁၇ ဇန်န၀ါရီ ၁၅ ကနေစပြီး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo : Wai Linn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ