Local News: မြန်မာဘက်ကတိုက်ပွဲတွေကြောင့် နယ်စပ်နားက တရုတ်စစ်တပ်တွေကို တပ်လှန့်ထား

တရုတ်ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့တာပါ။

play

 

နိုဝင်ဘာလ ၂၀ ရက်နေ့က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့စခန်းတွေကို ကေအိုင်အေဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေက ၀င်ရောက်တိုက်ခိုက်မှုကြောင့် မြန်မာနယ်စပ်နားက စစ်တပ်တွေကို တပ်လှန့်ထားတယ်လို့ တရုတ်ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက မြန်မာနိုင်ငံဘက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကို နိုဝင်ဘာ ၂၀ ညနေပိုင်းမှာ ဖော်ပြခဲ့ပြီး နယ်စပ်နားက တရုတ်တပ်ဖွဲ့တွေကို  တပ်လှန့်ထားတယ်လို့ အတည်ပြုခဲ့ပြီး တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ပဋိပက္ခအခြေအနေတွေ နောက်ထပ်မြင့်တက်မလာအောင်တားဆီးပြီး အခြေအနေ အေးချမ်းသွားဖို့ လိုလားကြောင်း ဖော်ပြထားပါတယ်။

play

 

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း နှစ်ဖက်ပစ်ခတ်မှုတွေ အမြန်ဆုံးရပ်တန့်ပြီး တည်ငြိမ်အေးချမ်းမှု ပြန်လည်တည်ဆောက်ဖို့ တိုက်တွန်းတောင်းဆိုထားတယ်လို့  ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပြီး တိုက်ပွဲတွေကို တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ဘက်ခြမ်းမှာ အစိုးရကယာယီလက်ခံ နေရာချထားပေးထားတယ်လို့ ဆိုပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့စခန်းတွေကို ကေအိုင်အေဦးဆောင်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အရပ်သားလေးဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦးတို့ သေဆုံးပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ