Local News: မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ပန်ဆိုင်းနယ်မြေရဲစခန်းကို ထပ်မံတိုက်ခိုက်

လားရှိုး-မူဆယ်လမ်းမကြီးကို ပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။

play

 

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA၊ KIA၊ MNDAA ပူးပေါင်းလက်နက်ကိုင်အင်အား(၁၀၀) ကျော်လောက်က ဒီနေ့ (နိုဝင်ဘာ ၂၁ ရက်)မနက်ပိုင်းမှာ မူဆယ်မြို့နယ်၊ ပန်ဆိုင်းနယ်မြေရဲစခန်းရဲ့ အနောက်ဘက်တစ်ဖာလုံခန့်အကွာ တောင်ကုန်းပေါ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ တပ်မတော်နဲ့ ထိတွေ့မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပူးပေါင်းအဖွဲ့က နမ္မတူမြို့နယ်၊ နမ္မတူ-ဘော်တွင်းသွား ကားလမ်း နမ္မတူမြို့မရဲစခန်းရဲ့ အနောက်မြောက်ဘက် (၉) မိုင်လောက်အကွာမှာရှိတဲ့ သစ်သားတံတားကို ဖောက်ခွဲဖျက်ဆီးခဲ့လို့  သစ်သားကြမ်းခင်းတံတား အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ပြီး ယာဉ်တွေသွားလာလို့ မရတော့ဘူးလို့သိရပါတယ်။

play

 

ဒါ့အပြင် KIA နဲ့ TNLA ပူးပေါင်းအဖွဲ့တွေက မူဆယ်မြို့ရဲ့တောင်ဘက် မိုင် (၂၀) လောက်အကွာ နမ့်အွန်ကျေးရွာအ၀င် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခရီးသည်နဲ့ ကုန်တင် ယာဉ်တွေသွားလာလို့မရအောင် ၂၂ ဘီးတွဲကား လေးစီး၊ ၁၂ ဘီးကား တစ်စီး၊ ဆီဘောက်ဆာ တစ်စီးတို့ကို ခြိမ်းခြောက်အသုံးပြု ပိတ်ဆို့ ထားခဲ့ပြီး ကားသော့တွေကို ဖြုတ်ယူ သိမ်းဆည်းသွားခဲ့လို့ နိုဝင်ဘာ ၂၀ ရက် ည ၇နာရီခွဲကနေ စတင်ပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

လမ်းပိတ်ဆို့ထားတဲ နေရာကို တပ်မတော်စစ်ကြောင်းက ရှင်းလင်းဆောင်ရွက်ခဲ့ရာမှာ ဒီနေ့ မနက် ၉နာရီခွဲမှာ ပိတ်ဆို့မှုတွေကို ရှင်းလင်းနိုင်ခဲ့ပြီး ယာဉ်တွေ ပုံမှန်သွားလာနိုင်ပြီလို့ သိရပါတယ်။

Source & Photos : State Counsellor Office Information Committee

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ