Local News: မောင်တောအကြမ်းဖက်မှု သံသယရှိသူ ၉၀ ကျော်ကို ထပ်မံဖမ်းဆီးရမိ

ဖမ်းဆီးထားသူပေါင်း ၃၀၀ ကျော် ၄၀၀ ၀န်းကျင်ရှိနေပြီလို့ ဆိုပါတယ်။

play

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ အယောက် ၉၀ ကျော်ကို ထပ်မံဖမ်းဆီးရမိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီလောက်က အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှုလက်အောက်ခံ ငါးခူရနယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းတုန်းမှာ  ကြက်ရိုးပြင်ကျေးရွာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ၆၀ ဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၁ ရက်က ကြက်ရိုးပြင်ကျေးရွာ၊ လောင်းတုံကျေးရွာနဲ့ ပြောင်ပိုက်ကျေးရွာတွေနားမှာ တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖော်ထုတ်ဖမ်းဆီးမိတာလို့ သိရပါတယ်။

play

 

ဒါ့အပြင် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းမှာလည်း မောင်တောမြို့နယ် ငန်းချောင်းကျေးရွာမှာ မသင်္ကာသူ ၃၃ ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာ ၁၂ ရက်က မယင်းချောင်းကျေးရွာတိုက်ပွဲမှာ တိမ်းရှောင်သွားတဲ့ မသင်္ကာသူတွေဖြစ်ပြီး ဖားဝပ်ချောင်းရွာသား ခုနှစ်ဦး၊ မျောတောင်ရွာသား ကိုဦးနဲ့ ပွင့်ဖြူနေချောင်းရွာသား ၁၇ ဦး စုစုပေါင်း ၃၃ ဦးတို့ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၉ ၇က်နေ့က ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်တွင်း နယ်ခြားစောင့်စခန်းတွေကို အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားသူပေါင်း ၃၀၀ ကျော် ၄၀၀ ၀န်းကျင်ရှိနေပြီးလို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Source & Photo : MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ