Local News: မလေးရှားနိုင်ငံက မြန်မာသံရုံးကို လုံခြုံရေးတိုးမြှင့်မယ်

လုံခြုံရေးအရ သံရုံးဖွင့်ချိန်ကို ပြောင်းလဲသွားမယ်လို့ ဆိုပါတယ်။

play
မြန်မာသံရုံးရှေ့တွင် မောင်တောအရေးနှင့်ပတ်သတ်ပြီး ဆန္ဒပြနေကြစဉ်။

 

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မြန်မာသံရုံးရဲ့လုံခြုံရေးကို တိုးမြှင့်သွားမှာဖြစ်လို့ သံရုံးဖွင့်ချိန်ကို ပြောင်းလဲသွားမယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီနေ့(နိုဝင်ဘာ၂၁ရက်)မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာသံရုံးကို နိုင်ငံကူးလက်မှတ်ကိစ္စနဲ့ လာရောက်ကြမယ့် မြန်မာနိုင်ငံသားတွေကိုလည်း အဝေးပြေးကားဂိတ် (TBS)မှာ အငှားယာဉ်မောင်းသမားတွေက အုပ်စုဖွဲ့အနိုင်ကျင့်တာတွေရှိနေလို့  ကွာလာလမ်ပူမြို့ကို လာရောက်ရာမှာ ညပိုင်းထွက်ခွာမယ့် ကားတွေနဲ့ မလာကြဖို့ မြန်မာသံရုံးက နှိုးဆော်ထားတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်ကလည်း မလေးရှားနိုင်ငံက အဖွဲ့အစည်းနှစ်ခုက မြန်မာသံရုံးရှေ့ကို လာရောက်ပြီး ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး လာရောက်ဆန္ဒပြခဲ့ဖူးပါတယ်။

Source : 7DayDaily

Photo : baru News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ