Local News: မဟာဓာတ်အားလိုင်းချို့ယွင်းမှုကြောင့် ရန်ကုန်နဲ့ မြို့ကြီးတွေမှာ မီးပျက်

တောင်တွင်းကြီး-ရွှေတောင် မဟာဓာတ်အားလိုင်း ချို့ယွင်းမှုကြောင့် မီးပျက်ခဲ့တာပါ။

play
မီးပြတ်နေသည့် မန္တလေးလျှပ်စစ်ဝန်ကြီးရုံးကို တွေ့ရစဉ်။

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးကနေ ရွှေတောင်မြို့ကို သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်း ချို့ယွင်းမှုကြောင့် ရန်ကုန်မြို့ အပါအ၀င် နေပြည်တော်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ ဒီနေ့ည ၈ နာရီလောက်ကစပြီး လျှပ်စစ်ဓာတ်အား ပျက်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေး ကော်ပိုရေးရှင်းက ကြေညာခဲ့ပါတယ်။

လက်ရှိအချိန်အထိ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်တွေအားလုံးနီးပါးမှာ မီးပျက်တောက်နေစဲဖြစ်ပြီး နေပြည်တော်မှာလည်း ည ၇ နာရီလောက်ကစပြီး မီးပျက်တောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမဟာဓာတ်အားလိုင်းက System Breakdown ဖြစ်တာကြောင့် အခုလိုမီးပျက်ခဲ့တာလို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESE ကကြေညာခဲ့ပြီး ရန်ကုန်မြို့တော်အတွက် သဘာဝဓာတ်ငွေ့သုံး စက်တွေနဲ့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : YESC

Photo : Aung Pyae Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ