Local News: ရှမ်းမြောက်ပိုင်းတိုက်ခိုက်မှုမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခံရတဲ့ ရဲသုံးဦးရဲ့ အလောင်းကို သွားရောက်သယ်ဆောင်

လုံခြုံရေးအခြေအနေအရ နောက်တစ်နေ့မှသာ သွားရောက်သယ်ဆောင်ခဲ့တာဖြစ်တယ်။

play

 

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှုမှာ ဖမ်းဆီးခေါ်ဆောင်ပြီး အသတ်ခံရတဲ့  ရဲတပ်ဖွဲ့ဝင်သုံးဦးနဲ့ အရပ်သားတစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို နိုဝင်ဘာ ၂၁ ရက် နံနက်က  သွားရောက်သယ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး နမ့်ပေါ တံတားရဲကင်းစခန်းမှ တပ်ကြပ်ကြီးလှိုင်စိုး၊ တပ်ကြပ် ခင်အုန်း၊ ဒုတပ်ကြပ် ဇော်လင်းအောင်နဲ့ အရပ်သားတစ်ဦးကို လက်နက်ကိုင်တွေက ဖမ်းဆီးသွားပြီး ကုန်သွယ်ရေးဇုန်နဲ့ နှစ်ဖာလုံအကွာ တောထဲမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ကြောင်း  မူဆယ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောထားတာ ဖြစ်ပါတယ်။

အသတ်ခံရကြောင်း သတင်းကြားပေမဲ့ လုံခြုံရေးအခြေအနေအရ နောက်တစ်နေ့မှသာ သွားရောက်သယ်ဆောင်ခဲ့တာဖြစ်ပြီး သေဆုံးသူ ရဲတပ်ဖွဲ့ဝင်အားလုံးဟာ အိမ်ထောင်သည်တွေ ဖြစ်ကြောင်း မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက ပြောထားပါတယ်။

တိုက်ပွဲကြောင့်   စစ်ဘေးရှောင် ပြည်သူ ၁,၅၀၀ ခန့် ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး အကူအညီတွေလည်း လိုအပ်နေကာ လှူ ဒါန်းမယ်ဆိုရင် မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်း၊ ဖုန်းနံပါတ် ၀၉-၅၂၃၀၂၃၄ နှင့် ၀၈၂-၅၂၀၄၃ ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ