Local News: အော်ဟစ်ပြောဆိုမှုကနေ စစ်တွေမှာ လူစုလူဝေးဖြစ်

သေချာရှင်းပြလိုက်တော့မှ လူစုကွဲသွားတယ်။

play

 

ရခိုင်ပြည်နယ် စစ်တွေ မြို့ ဓည၀တီရပ်ကွက်မှာ နိုဝင်ဘာ ၂၁ ရက်ညက ဆိုင်ကယ်စီးလာသူနှစ်ဦး အော်ဟစ်ပြောဆိုခဲ့ရာမှ လူစုလူဝေးဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က လုံခြုံရေးချထားခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ဆိုင်ကယ်စီး လူနှစ်ယောက်ဟာ ၈ နာရီခွဲ မီးတွေ ပြတ်တဲ့အချိန်လောက်မှာ ဘင်္ဂါလီတွေ ၀င်လာပြီလို့ အော်တာကြောင့် လူတွေ ထွက်ကြည့်ကြရာက လူစုလူဝေးဖြစ်ပွားခဲ့ပြီး ၉ နာရီ ၄၅ မှ လူစုကွဲသွားတယ်လို့  ရခိုင်ပြည်နယ် ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်က ပြောထားကြောင်း သိရပါတယ်။ လူတစ်ရာလောက် စုဝေးလာတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေက ပတ်ဝန်းကျင်ကို အကုန်ပတ်ရှာကာ ဘာမှမတွေ့ဘဲ သေချာရှင်းပြလိုက်တော့မှ လူစုကွဲသွားတယ်လို့ ရဲမှူးကြီးခင်ကျော်က ဆိုပါတယ်။

ဘင်္ဂါလီတွေတက်လာပြီလို့ အော်ပြေးတာကြောင့် ကြားတဲ့သူတွေက စိုးရိမ်စိတ်နဲ့ထွက်ကြတာဖြစ်ကာ မီးကပြတ်နေတော့ စိုးရိမ်စိတ်နဲ့ လူစုသွားတာဖြစ်တယ်လို့ စစ်တွေမြို့ခံတစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

 Source:7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ