Local News: မူဆယ်မှာ လူမှုကူညီရေးကား ပစ်ခတ်ခံရပြီး ကယ်ဆယ်ရေးလုပ်သား ဒဏ်ရာရ

ကယ်ဆယ်ရေးလုပ်သားတစ်ဦး ရင်ဘတ်မှာ သေနတ်ကျည်ထိမှန်ခဲ့တာ ဖြစ်တယ်။

play

 

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ပိတ်မိနေတဲ့ ဒဏ်ရာရ လူနာတွေကို သွားရောက်ခေါ်ဆောင်တဲ့ လူမှုရေးအသင်း ကားတစ်စီးဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကယ်ဆယ်ရေးလုပ်သားတစ်ဦး သေနတ်ကျည်ဆန် ထိမှန်ခဲ့ တယ်လို့ သိရပါတယ်။

 ကုန်သွယ်ရေးဇုန်ကိုသွားတဲ့ ကျင်ဆန်းကျော့လမ်းမှာ နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က  မေတ္တာမွန်လူမှုကူညီရေးအသင်းရဲ့ကား ပစ်ခတ်ခံရတာဖြစ်ပြီး  ယာဉ်ပေါ်ပါလာတဲ့ ကယ်ဆယ်ရေးလုပ်သားတစ်ဦး ရင်ဘတ်မှာ သေနတ်ကျည်ထိမှန်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

play

 

 မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အတွင်း ပိတ်မိနေတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို  ကူညီကယ်ဆယ်ရေး ဆောင်ရွက်ဖို့ သွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်နှစ်စီးကို KIA၊ TNLA နဲ့ MNDAA လက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ကြောင်းနဲ့ ပစ်ခတ်မှုကြောင့် ရွှေလီမြို့နေ ကြင်နာနွေးထွေး ပရဟိတလူငယ်အသင်းမှ ကိုရဲမင်းအောင် (၂၃)နှစ် (အဘ) ဦးချက်ရဲ့ ၀ဲဘက်ရင်ဘတ်ဘေး ဖောက်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Photos & Source: 7Day Daily, ThuKha Jhon Facebook, အတိုင်ပင်ခံရုံး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ