Local News: ရှမ်းပြည်နယ်မြောက်ပိုင်းက နေရာသုံးနေရာမှာ တိုက်ပွဲတွေဆက်ဖြစ်

မုံးကိုး၊ ကွတ်ခိုင်၊ မန်တုံနှင့် သိန်းနီကြား စတဲ့နေရာတွေမှာ ဖြစ်ပွားခဲ့ပါတယ်။

play

 

မြန်မာတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းက မုံးကိုး၊ ကွတ်ခိုင်၊ မန်တုံနှင့် သိန်းနီကြားစတဲ့ ဒေသသုံးခုမှာ နိုဝင်ဘာလ ၂၁ ရက်နေ့က တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

‘‘ကျွန်တော်တို့က ဒီစစ်ပွဲကို အခု စစ်ရေးပူးပေါင်းမှုကို လုပ် ချင်လို့ လုပ်ရတာမဟုတ်ဘူး။ နိုင် ငံရေးပြဿနာကို နိုင်ငံရေးနည်း အရ ဖြေရှင်းနိုင်ဖို့ လုပ်ရတာဖြစ် တယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ် ကို ရပ်စဲနိုင်ဖို့ လုပ်ရတာဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီဆိုရင် နှစ်ဖက်ထိ ခိုက်နစ်နာမှုတွေ ရှိနိုင်တယ်။ လူ ထုတွေက စစ်ဘေးဒဏ်ကို ရင် ဆိုင်ကြရမှာဖြစ်တယ်။ အဲဒီအတွက် လူထုကို မေတ္တာရပ်ခံချင် တာက တိုက်ပွဲဖြစ်တဲ့ဒေသကို အတတ်နိုင်ဆုံးရှောင်ရှားပေးကြပါ’’လို့ တအာင်းအဖွဲ့(TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ပြောပါတယ်။

နိုဝင်ဘာ ၂၀ ရက်က စတင်ဖြစ်ပွားခဲ့တဲ့  တိုက်ပွဲပစ်ခတ်မှုတွေမှာ အရပ်သားလေးဦးအပါအဝင် ကိုးဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာ ရရှိခဲ့ကာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒေသခံ ၂,၆၃၆ ဦးက မူဆယ်မြို့ပေါ်က နမ့်ခွန်ကျောင်း၊ မဟာဝန်မြောက်ကျောင်း၊ စေတဝန်ကမ္မဋ္ဌာန်းကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းတွေနဲ့ အောင်မင်္ဂလာကျောင်းတွေကို ရောက်ရှိနေတယ်လို့  အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ