Local News: ကောလာဟလ သတင်းတွေကြောင့် မူဆယ်မြို့ခံတွေ အပြင်မထွက်ရဲဘဲဖြစ်နေ

ဆေးရုံတစ်ခုပဲ ဖွင့်ထားတယ်လို့ ဆိုပါတယ်။

play

 

ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့  ကောလာဟလသတင်းတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မြို့ခံတွေက အပြင်မထွက်ရဲဘဲ တစ်မြို့လုံး တိတ်ဆိတ်နေတယ်လို့  ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးနဲ့ မြို့ခံတွေက ပြောပါတယ်။

"ဘယ်သူက ဘယ်လိုသတင်းပေးလို့လည်းမသိဘူး။ ဈေးထဲကနေ စလိုက်တာ သူတို့ စစ်ကြောင်းက မူဆယ်ကို ရောက်လာမယ်တို့ စခန်းကို တိုက်မယ်တို့ ခယကကို ပစ်မယ်။ မယက ကို ပစ်မယ်လို့ ကြားတယ်။ အဲဒီလိုပေါ့ တောလမ်းကနေ ဖြတ်တက်လာမယ်ပေါ့ အဲဒီလို ကောလာဟလတွေကြောင့် အပြင်မထွက်ရဲဘူးဖြစ်နေကြတာ။ ကျွန်တော်တို့ ကျန်းမာရေးကဏ္ဍကတော့ ပိတ်လို့မရဘူး။ မွေးလူနာတွေရှိတယ်။ အခြားအရေးပေါ် လူနာတွေလည်းရှိနေတော့ ကျွန်တော်တို့က ဖွင့်ထားတယ်။ ခုလောလောဆယ်က မူဆယ်က လုံးဝ တိတ်ဆိတ်နေတယ်" လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းမှာ ဆဲဗင်းဒေးသတင်းစာကို ပြောပါတယ်။

play

 

လက်ရှိအချိန်မှာတော့ မူဆယ်မြို့တစ်မြို့လုံးတိတ်ဆိတ်နေကာ ဈေးဆိုင်တွေ၊ အိမ်တွေနဲ့ အစိုးရဌာနဆိုင်ရာတွေ အကုန်လုံး ပိတ်ထားရပြီး ဆေးရုံတစ်ခုပဲ ဖွင့်ထားတယ်လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။

Source & Photos  : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ