Local News: မှုခင်းတွေကိုဖော်ထုတ်ဖို့ ဖုန်းသုံးစွဲသူ ၁၃ ဦးရဲ့အချက်အလက်တွေကို အစိုးရအတွက် တယ်လီနောထုတ်ပေး

ဖုန်းအသုံးပြုသူ ၈၄ ဦးရဲ့အချက်အလက်တွေကို တောင်းခံခဲ့ပေမယ့် ၁၃ ဦးအတွက်ပဲ ထုတ်ပေးခဲ့တာပါ။

play

 

ပြည်တွင်းမှာဖြစ်ပွားခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သတ်ပြီး အစိုးရက မိုဘိုင်းဖုန်းအသုံးပြုသူ ၁၃ ဦးရဲ့အချက်အလက်တွေကို တောင်းခံလာလို့ ထုတ်ပေးခဲ့ရတယ်လို့ တယ်လီနော စီအီးအို အဲရစ်တဲလ်မန်းက ပြောပါတယ်။

'' ထုတ်ပေးခဲ့တဲ့ အကြောင်းအရာတွေက မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ အကြမ်းဖက်မှုတွေနဲ့ သက်ဆိုင်ပြီး အစိုးရက နှစ်နှစ်တာ ကာလအတွင်းမှာ ဖုန်းအသုံးပြုသူ ၈၄ ဦးရဲ့ အချက်အလက် တွေကို တောင်းခံခဲ့ပေမယ့် တယ်လီနောက ၁၃ ဦးရဲ့ အချက်အလက် တွေကိုပဲထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာလို့" တယ်လီနောစီအီးအိုက ဆိုပါတယ်။

play

 

မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ဆိုက်ဘာရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး အော်ပရေတာတွေအနေနဲ့ အချက်အလက် ထုတ်ပေးခြင်းဆိုင်ရာဥပဒေ တိတိကျကျသတ်မှတ်ထားတာ မရှိသေးလို့ အချက်အလက်ထုတ်ပေးတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပြီး ကိုယ်တိုင်ရေးဆွဲရတာလို့ တယ်လီနောကဆိုပါတယ်။

Source : 7DayDaily

Photos : MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ