Local News: ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း ရန်ကုန်ကဈေးဝယ်စင်တာတွေကို လုံခြုံရေးတိုးမြှင့်

, updated

စီစီတီဗီတွေကိုလည်း ပြန်လည်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

 

play
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် Capital Hypermarket အတွင်းပိုင်းမြင်ကွင်း။

 

ရန်ကုန်မြို့ထဲက ဈေးဝယ်စင်တာနှစ်ခုမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရန်ုကုန်မြို့က ဈေးဝယ်စင်တာတွေမှာ အရင်ကထက်လုံခြုံရေးတွေ ပိုမိုတိုးမြှင့်ထားတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေတွေမှာ ရန်ကုန်မြို့ထဲက ဈေးဝယ်စင်တာတွေမှာ လုံခြုံရေးမြှင့်တာတွေအပါအ၀င် စီစီတီဗီတွေကိုလည်း ပြန်လည်စစ်ဆေးတာတွေပြုလုပ်နေပြီး လုံခြုံရေးအင်အားကိုလည်း အရင်ကထက် ပိုတိုးမြှင့်ထားတယ်လို့ Junction Square ဈေးဝယ်စင်တာက မန်နေဂျာ ကိုရဲနိုင်က ဆဲဗင်းဒေးသတင်းစာကို ပြောပါတယ်။

play

 

ဈေးဝယ်သူတွေ စိတ်အနှောက်အယှက်မဖြစ်အောင်လို့ ဆောင်ရွက်နေပြီး ဈေးဝယ်သူတွေကလည်း ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ ကိုရဲနိုင်ကပြောခဲ့ပြီး လူအ၀င်အထွက်နဲ့ မသင်္ကာစရာလူတွေကို အဓိကစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ဒေါပုံမြို့နယ် Capital Hypermarket မှာ အသေးစားပေါက်ကွဲမှုလေးကြိမ် ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်က မရမ်းကုန်းမြို့နယ် အိုးရှင်းစင်တာမှာ ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

Source & Photos : 7DayDaily,DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ