Local News: စစ်ဘေးရှောင်လာတဲ့ မြန်မာအရပ်သား သုံးထောင်လောက်ရှိပြီလို့ တရုတ်အစိုးရ ကြေညာ

မူဆယ်နဲ့ ကွတ်ခိုင်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ရှောင်တိမ်းလာတာပါ။

play

 

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံသား သုံးထောင်ကျော်လောက် တရုတ်နိုင်ငံဘက်ကို စစ်ဘေးရှောင်ခိုလှုံလာတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တိုက်ပွဲတွေကြောင့် အခင်းဖြစ်ပွားရာ နယ်မြေတွေကနေ နယ်စပ်ကိုဖြတ်ကျော်ပြီး တရုတ်နိုင်ငံဘက်ကို ဝင်ရောက်လာတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

play

 

စစ်ဘေးရှောင် မြန်မာပြည်သူ အများစုက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ဘက်ကို အဓိကဝင်ရောက်ခဲ့ကြတာ ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ မြန်မာပြည်သူတွေထဲမှာ ဒဏ်ရာရသူတွေလည်းပါဝင်ခဲ့ကာ ဆေးရုံကိုတင်ပို့ခဲ့ရတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိဂန်ရှူအန်က ပြောပါတယ်။

လက်ရှိအချိန်မှာလည်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၃၀၀၀ကျော် မူဆယ်ကယ်ဆယ်ရေးစခန်းတွေကို ရောက်ရှိနေတယ်လို့ သိရပြီး သူတို့အတွက်ခြုံစောင်နဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ မူဆယ်မြို့ပေါ်က လူမှုကူညီရေးအသင်းတွေကနေ သိရပါတယ်။

Source : 7DayDaily

Photos : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ