Local News: မြိုင်ကြီးငူဒေသမှာ မိုင်းပေါက်ကွဲမှုကြောင့် မိုင်းရှင်းနေတဲ့ တပ်မတော်သားနှစ်ဦး ကျဆုံး

ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

play

 

 မြန်မာ့တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ပူးပေါင်းအဖွဲ့နဲ့ ဒီကေဘီအေခွဲထွက်အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြိုင်ကြီးငူဒေသမှာ မိုင်းရှင်းလင်းရေးပြုလုပ်နေတဲ့ တပ်မတော်သားနှစ်ဦး မိုင်းပေါက်ကွဲမှုကြောင့် ကျဆုံးခဲ့တယ်လို့ ပြည်တွင်းသတင်းစာကြီးတစ်စောင်က ဖော်ပြထားပါတယ်။

 မြိုင်ကြီးငူဒေသ  ရင်းပိုင်းကျေးရွာမှာ နိုဝင်ဘာ ၂၂ ရက် နေ့လယ်က ပေါက်ကွဲခဲ့တာဖြစ်ပြီး တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားထားပါတယ်။

မိုင်းရှင်းလင်းရေးလုပ်ရင်း ပေါက်ကွဲတာဖြစ်ပြီး  ပဒေသာမိုင်းတွေလို့ အဆိုပါအရာရှိက  ပြောကြားပါတယ်။ တိုက်ပွဲဟာ ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကေဘီအေခွဲထွက်အဖွဲ့က မိုင်းအရေအတွက်များစွာကို ထောင်ထားခဲ့တာကြောင့် မိုင်းရှင်းလင်းရေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ