Local News: ဖားကန့်မှာ တပ်မတော်နဲ့ ကေအိုင်အေ တစ်နာရီခန့် တိုက်ပွဲဖြစ်

ကားလမ်းပေါ်ဖြတ်အကူး တစ်ဖက်ကလည်း လှုပ်ရှားအသွားမှာ ရင်ဆိုင်တိုက်ပွဲဖြစ်တာပါ။

play

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာတပ်မတော်နဲ့ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(KIA)အကြား ရင်ဆိုင်တိုက်ပွဲ တစ်နာရီခန့်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 နိုဝင်ဘာ ၂၂ ရက်နေ့ မနက်က ဖားကန့်-ကာမိုင်းလမ်းပေါ် ဂေါ့လူယန်ကျေးရွာနဲ့ တံတားညီနောင်ကျေးရွာအကြားမှာ နှစ်ဖက်လှုပ်ရှားတပ်တွေ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ KIA တပ်ရင်း (၆) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တန်ဆန်းက ပြောထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။ 

ကားလမ်းပေါ်ဖြတ်အကူး တစ်ဖက်ကလည်း လှုပ်ရှားအသွားမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး အခြေအနေက အခုအချိန်မှာတော့ နှစ်ဖက်စလုံးနည်းနည်းခွာနေကြတယ်လို့  ဒုဗိုလ်မှူးကြီးတန်ဆန်းက ပြောထားပါတယ်။

နံနက် ၉ နာရီ မိနစ် ၅၀ မှာ လမ်းလုံခြုံရေး ဆောင်ရွက်နေတဲ့ တနိုင်းတပ်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ KIA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားရာမှာ နှစ်ဖက်ထိခိုက်မှုမရှိဘူးလို့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ