Local News: ရန်ကုန်ဆေးရုံကြီးမှာ ၁၃ နှစ်အရွယ် လူနာတစ်ဦး မဖွယ်မရာ ပြုကျင့်ခံရ

ဆေးရုံညပိုင်းတာဝန်ကျဆိုတဲ့ အမျိုးသားက မဖွယ်မရာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

play

 

ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသဖို့ လာရောက်တဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ မဖွယ်မရာ ပြုကျင့်ခံခဲ့ရတယ်လို့ သိရပါတယ်။

The Voice ရဲ့ ဖော်ပြချက်အရ အဆိုပါ လူနာ မိန်းကလေးက ဆီးစစ်ချက်ယူဖို့ သန့်စင်ခန်းသို့ အသွားမှာ လက်တွန်းလှည်းနဲ့ လိုက်ပို့ပေးသူ ဆေးရုံညပိုင်းတာဝန်ကျဆိုတဲ့ အမျိုးသားက မဖွယ်မရာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မဖွယ်မရာ ပြုလုပ်တယ်ဆိုတဲ့ အမျိုးသားဟာ ဒလမြို့နယ်၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာလိုင်ခန်းမှာ နေထိုင်သူ ၃၇ နှစ်အရွယ် ဇင်မင်းသူ ဆိုသူဖြစ်ပြီး မိန်းကလေးဟာ နိုဝင်ဘာ ၁၁ ရကနေ့က ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာသူဖြစ်တယ်လို့ လသာ ရဲစခန်းက ပြောထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

 မိန်းကလေးကို လက်ညှိုးနဲ့ မဖွယ်မရာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဇင်မင်းသူကို (ပ)၂၂၀/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

Source: The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ