Local News: မြန်မာနိုင်ငံဒေသအားလုံးမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားနေ

အညွှန်ကိန်း ၁၀ ဒသမ ၉ ရောက်ရှိလာမယ်လို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

play

 

မြန်မာနိုင်ငံ ဒေသအားလုံးမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အလွန်မြင့်မားတဲ့အဆင့်ကို ရောက်ရှိနေပြီ ဖြစ်လို့ ကျန်းမာရေးဆိုင်ရာပြဿနာတွေ မဖြစ်ပွားအောင်ကြိုတင်ကာကွယ်သင့်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ တောင်ပိုင်းဒေသတွေမှာ နိုဝင်ဘာကစပြီး ခရမ်းလွန်ရောင်ခြည်မြင့်မားတဲ့အဆင့်ကို ရောက်နေသလို နိုဝင်ဘာဒုတိယပတ်ကစတင်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ အလွန်မြင့်မားတဲ့ (Very High) အဆင့်မြင့်တဲ့ညွှန်းကိန်း ၁၀ ဒသမ ၉ ရောက်ရှိလာမယ်လို့ သတိပေးထားပါတယ်။

‘‘တစ်ပြည်လုံးမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အလွန်မြင့်မားအဆင့် ရောက်လာတယ်။ ဒါက လူ့ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်’’လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

ခရမ်းလွန်ရောင်ခြည် ကျရောက်မှုက မနက် ၁၁ နာရီလောက်ကနေ နေ့လယ် ၂ နာရီလောက်အထိ အားအကောင်းဆုံးဖြစ်လို့ အဆိုပါအချိန်တွေမှာ နေပူထဲသွားလာတာကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်တယ်လို့ ဒေါက်တာထွန်းလွင်က အကြံပြုထားပါတယ်။

Source : 7DayDaily

Photo : U Tun Lwin Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ