Local News: သီတင်းကျွတ်လပြည့်နေ့က ကျိုက်ထီးရိုးမှာရတဲ့အလှူငွေ အရင်နှစ်ထက် သိန်း ၆၀၀ ပို

အရင်နှစ်က ဘက်စုံအလှူငွေ ကျပ် ၂၁၇ သိန်းပဲ ရခဲ့တာပါ။

play

 

လွန်ခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က ကျိုက်ထီးရိုးစေတီတော်ကြီးမှာ ရရှိခဲ့တဲ့ ဘက်စုံအလှူခံငွေကောက်ခံရရှိမှုက အရင်နှစ်ထက် ကျပ်သိန်း ၆၀၀ ကျော် ပိုမိုရရှိခဲ့တယ်လို့ သာသနာရေးနဲ့ ယဉ် ကျေးမှုဝန်ကြီးဌာနကနေ သိရပါတယ်။

သီတင်းကျွတ်လပြည့်တိုင်းမှာ ကျင်းပတဲ့  ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲမှာ ပြီးခဲ့တဲ့နှစ်က ဘက်စုံအလှူငွေ ကျပ် ၂၁၇ သိန်းရရှိ ခဲ့တာ ကနေ  ဒီနှစ်အတွက် ဘက်စုံအလှူငွေက ကျပ် ၈၄၄ သိန်းကျော်ရရှိခဲ့တယ်လို့  သာသနာရေးဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

play

 

‘‘သီတင်းကျွတ်လပြည့်နေ့ တစ်ရက်တည်းကောက်ခံတာ အရင်နှစ်က ဘက်စုံအလှူငွေ ကျပ် ၂၁၇ သိန်း၊ အခုနှစ်ဘက်စုံ ကတော့ ကျပ်သိန်း ၈၀၀ ကျော်ရ တယ်’’လို့ သာသနာရေးနဲ့ယဉ် ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

အရင်နှစ်တွေက အလှူခံဌာနတွေကို ကန်ထရိုက်ပေးဆောင်ရွက်ခဲ့ပေမဲ့ ဒီနှစ်မှာ အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ဂေါပကအဖွဲ့က အနီးကပ်ကြီးကြပ်ပြီး ဘက်စုံပင်မ အလှူခံဌာနတစ်ခုတည်းဖွင့်လှစ်ကာ အလှူခံဖြတ်ပိုင်းတွေနဲ့ စနစ်တကျအလှူခံခဲ့လို့ အလှူငွေတွေ ပိုမိုရရှိခဲ့တာလို့ ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ