Local News: မိန်းကလေးတစ်ဦး ပွဲခင်းထဲ ရက်စက်စွာ အသတ်ခံရမှု အဖွဲ့အစည်းတွေ ကြေညာချက်ထုတ်

တာကပေါအဖွဲ့မှ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပါတယ်။

play

 

အမျိုးသမီးတစ်ဦးတစ်ဦး ထားဝယ်မြို့ ပွဲခင်းထဲမှာ ရက်စက်စွာ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၁၉ ရက် ညက ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားရင်ပြင်မှာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ရန်ပုံငွေ အဆိုပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း ထားဝယ်ဒေသ တာကပေါအဖွဲ့မှ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ  မနော်ချစ်ပန်းတိုင်ဟာ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ကာ ဒေသခံ အရပ်ဘက်အဖွဲ့အစည်း ၂၃ ခုက အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောလျင်စွာ ဆောင်ရွက်ဖို့ နိုဝင်ဘာ ၂၁ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

play

 

မနော်ချစ်ပန်းတိုင်ဟာ ကရင်တိုင်းရင်းသားကျေးရွာတွေမှာ သယံဇာတတူးဖော်တဲ့ လုပ်ငန်းတွေကြောင့်  ဒေသခံတွေ နစ်နာမှုမရှိစေဖို့ အသိပညာပေးလုပ်ငန်းတွေ၊ ဥပဒေအရ အကာအကွယ်ရရှိရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တာကပေါအဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ မြေမြှုပ်မိုင်းအန္တရာယ်အကြံပေးအဖွဲ့ MAG မှာ တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

Photos & Source: News Watch

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ