Local News: မူဆယ်ဒေသခံတွေ နေအိမ်မစွန့်ခွာဖို့ ကြေညာ

နိုဝင်ဘာလ၂၃ရက် နေ့လည်ပိုင်းက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

play

 

မူဆယ်မြို့နယ်ထဲမှာဖြစ်ပွားနေတဲ့ ကောလာဟလတွေကို မယုံကြည်ဖို့နဲ့ ဒေသခံတွေအနေနဲ့ နေအိမ်တွေကို စွန့်ခွာတာတွေမပြုလုပ်ကြဖို့ မူဆယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အများပြည်သူများထံကို ဒီနေ့ နေ့လည်ပိုင်းက(နိုဝင်ဘာလ၂၃ရက်) ကြေညာချက်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

မူဆယ်မြို့လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ရဲ့ စီမံကွပ်ကဲမှုတွေနဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်နေလို့ မြို့သူမြို့သားတွေအနေနဲ့လည်း မြို့လုံခြုံအေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။

play

 

"လက်ရှိမြို့ရဲ့ အခြေအနေက အေးဆေးတည်ငြိမ်နေပါတယ်ခင်ဗျ။ မနေ့က ညနေပိုင်းလည်း ဘာမှမထူးခြားပါဘူး။ ဒီနေ့အထိပါပဲ။ ပြည်သူတွေအနေနဲ့ကတော့ ကောလာဟလသတင်းတွေအပေါ် စိုးရိမ်ပြီး သူ့ဆွေမျိုးတွေ ရှိတဲ့နေရာတွေ သွားကြတာတွေရှိပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်နယ်မြေကိုယ့်ဒေသ လုံခြုံရေးကို တပ်မတော်နဲ့ပူးတွဲပြီးတော့ လုံခြုံရေးယူနေရပါတယ်"လို့  မူဆယ်ရဲစခန်းမှ ရဲအုပ်တင်ထူးက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ မသမာသူတွေကြောင့် ဖြစ်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေကို ချင့်ချိန်ယုံကြည်ကြဖို့နဲ့ မလိုအပ်ဘဲ စိုးရိမ်လွန်ကဲပြီး မိမိတို့ နေအိမ်တွေကို စွန့်ခွာတိမ်းရှောင်သွားရင် မသမာသူတွေက ဖောက်ထွင်း၊ ခိုးယူ၊ ဖျက်ဆီးတာတွေ ပြုလုပ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

Source : 7DayDaily

Photos :

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ