Local News: ဆူးလေခုံးကျော်တံတားအောက်မှာ အဓမ္မကျင့်သတ်ဖြတ်ခဲ့မှု ကျူးလွန်သူကို သေဒဏ်ချမှတ်

၂၀၁၅ ခုနှစ် မေလ ၃၀ရက်က ဖြစ်ပွားခဲ့တာပါ။

play

 

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဆူးလေဘုရားလမ်းပေါ်က ခုံးကျော်တံတားအောက်မှာ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့တဲ့အဖွဲ့က အာမင်း(ခ)ဝင်းဇော်ထွန်းကို နိုဝင်ဘာလ ၂၃ ရက် မွန်းလွဲ ၂ နာရီမှာ အနောက်ပိုင်းခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အာမင်း(ခ) ဝင်းဇော်ထွန်းနဲ့ အပေါင်းအပါသုံးဦးက လှိုင်သာယာမြို့နယ်မှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဆူးလေခုံးကျော်တံတားအောက်မှာ အဓမ္မပြုကျင့်ပြီး ထုရိုက်သတ်ခဲ့လို့ အနောက်ပိုင်းခရိုင်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ဂ)/ ၃၄ နဲ့ သေဒဏ်ချမှတ်ခဲ့တာပါ။

အမိန့်ချခံရတဲ့ တရားခံက ဗိုလ်ချုပ်ဈေးနဲ့ ပန်းဆိုးတန်းခုံးတံတားနားမှာ ပြည့်တန်ဆာတွေနဲ့ အခြေအနေမဲ့နေထိုင်သူတွေအပေါ် မိုက်ကြေးခွဲ ဆက်ကြေးတောင်းယူနေသူတစ်ဦးဖြစ်ပြီး ဗိုလ်အောင်ကျော်လမ်းမှာ မှုခင်းသတင်းထောက်တစ်ဦးကို ရိုက်နှက်ခဲ့လို့ ဖမ်းဆီးခံရပြီး အာမခံနဲ့အပြင်ကို ပြန်လည်ရောက်ရှိတဲ့အချိန်မှာအမျိုးသမီးကို သတ်ဖြတ်မှုနဲ့ ထပ်မံဖမ်းဆီးခံရတာလို့ သိရပါတယ်။

Source : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ