Local News: အလုပ်လက်မဲ့ ဆင်တွေအတွက် အလုပ်အကိုင်ဖန်တီးပေးဖို့ လွှတ်တော်မှာ မေးမြန်း

ဆင်တွေဟာ  တစ်ဖက်နိုင်ငံကို တရားမဝင် သွားရောက်ရောင်းချခံရတာတွေ  ရှိနိုင်ပါတယ်။

play

 

သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့ ကာလမှာ အလုပ်လက်မဲ့ဆင်တွေအတွက် အစိုးရက အလုပ်အကိုင်ဖန်တီးပေးဖို့ နိုဝင်ဘာ ၂၃ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်တစ်ဦးက မေးမြန်းခဲ့ပါတယ်။

သစ်ဆွဲဆင်တွေဟာ အသုံးဝင်တဲ့ သက်ရှိရတနာတွေဖြစ်ပြီး နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုမဖြစ်စေဖို့ အလုပ်အကိုင်ဖန်တီးပေးမှု အခြေအနေကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက မေးမြန်းခဲ့တာ ဖြစ်တယ်လို့ 7Day Daily ရဲ့သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ပုဂ္ဂလိကပိုင် ဆင်တွေဟာ  တစ်ဖက်နိုင်ငံကို တရားမဝင် သွားရောက်ရောင်းချခံရတာတွေ  ရှိနိုင်တာကြောင့် တာဝန်ရှိသူတွေအနေနဲ့ အဆိုပါအဖြစ်မျိုး မဖြစ်ပေါ်လာစေဖို့ စီမံဆောင်ရွက်သင့်ကြောင်းလည်း ဦးခင်ချိုက ပြောကြားထားပါတယ်။

သစ်ဆွဲဆင်တွေဟာ လူနဲ့ယဉ်ပါးအောင် လေ့ကျင့်ပေးထားပြီးဖြစ်တာကြောင့် သစ်ထုတ်လုပ်ရေးအတွက် အသုံးမလိုတော့တဲ့ ဆင်ယဉ်တွေကို သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနဲ့ ဆင်စခန်းတွေ တည်ထောင်ရာမှာ အသုံးပြုနိုင်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြားထားပါတယ်။

Source: 7Day Daily
Photos: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ