Local News: ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ် အရပ်သားနှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

မူဆယ်မြို့ကို စစ်ဘေးဒုက္ခသည် ၅၀၀ ကျော် ထပ်ရောက်လာတယ်လို့ ဆိုပါတယ်။

play

 

နိုဝင်ဘာလ ၂၃ ရက်နေ့က ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေ အကြား တိုက်ပွဲတချို့ ဆက်လက်ဖြစ်ပွားရာ အရပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ တိုက်ပွဲတွေကြောင့် မူဆယ်မြို့ကို စစ်ဘေးဒုက္ခသည် ၅၀၀ ကျော် ထပ်မံရောက်ရှိလာတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ ကွတ်ခိုင်မြို့ အနောက်တောင်ဘက် ခြောက်မိုင်လောက် အကွာက တပ်မတော်စခန်းကို KIA၊ TNLA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

play

 

နမ့်ခမ်းမြို့ အနောက်တောင်ဘက် ငါးမိုင်လောက်အကွာမှာလည်း နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ကောင်းကပ်ရွာ ရပ်ကွက်(၁) က ဒေသခံနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်နဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

ဒါ့အပြင် နမ့်ဖက်ကာ-မူဆယ်ကားလမ်း မော်တောင်းကွေ့နားမှာ နိုဝင်ဘာ ၂၃ ရက်ညနေက ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ ပြုလုပ်ပြီးနောက် မူဆယ် -လားရှိုးလမ်းမမှာ နိုဝင်ဘာ ၂၃ ရက်ညနေကစပြီး ယာဉ်တွေပုံမှန်အတိုင်း သွားလာနေပြီလို့ သိရပြီး ကွတ်ခိုင်ကနေ မူဆယ်ကားလမ်း တစ်လျှောက်မှာ တပ်မတော်မှ စစ်သည်တွေက လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo : AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ