Local News: မောင်တောမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကို စစ်ပညာသင်တန်းပေး

ဇနီးသည်တွေအနေနဲ့ အခြေခံစစ်ပညာကို တတ်သင့်တတ်ထိုက်တဲ့အတွက်လည်း ဖွင့်လှစ်တာ ဖြစ်တယ်လို့ နယ်ခြားစောင့် ရဲအရာရှိတစ်ဦးက ပြောထားပါတယ်။

play

 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကို နယ်ခြားစောင့်ရဲဌာနချုပ်မှာ အခြေခံစစ်ပညာသင်တန်းတွေ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာအခြေစိုက် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကို သင်ကြားပေးနေတာဖြစ်ပြီး သင်တန်းကာလဟာ တစ်လကျော် ကြာမြင့်မှာ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို အခြေခံစစ်ပညာသင်တန်း ဖွင့်လှစ်တာဖြစ်ကာ ဇနီးသည်တွေအနေနဲ့ အခြေခံစစ်ပညာကို တတ်သင့်တတ်ထိုက်တဲ့အတွက်လည်း ဖွင့်လှစ်တာ ဖြစ်တယ်လို့ နယ်ခြားစောင့် ရဲအရာရှိတစ်ဦးက ပြောထားပါတယ်။

မောင်တောခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့စခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးသည်တွေလည်း အခြေခံစစ်ပညာသင်တန်း တက်ရောက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ