AD
AD
AD
play

 

ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော်ပါဝင်တဲ့ ရန်ကုန်မြို့ရဲ့ပထမဆုံးညဈေးတန်းကို ရန်ကုန်မြို့ကမ်းနားလမ်းမှာ နိုဝင်ဘာလ ၂၃ ရက်ကစတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ကို ပြည်သူလူထုနေချင်စဖွယ် ပျော်ရွှင်စရာကောင်းတဲ့ မြို့တစ်ခုလို ခံစားနိုင်ဖို့နဲ့ ရှေးဟောင်းအမွေအနှစ်တွေနဲ့ စိမ်းလန်းတဲ့ စီးပွားရေးမြို့တော်ကြီးဖြစ်လာဖို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့က ကြိုးစားဆောင်ရွက်နေပြီး ညဈေးတန်းက ပဏာမမိတ်ဆက်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ဝန်ကြီးချုပ်ဖြိုးမင်းသိန်းက ပြောပါတယ်။

play

 

ရန်ကုန်မြို့က မြို့တွင်းမြို့နယ်လေးခုဖြစ်တဲ့ (ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ လမ်းမတော်)တွေရဲ့အဓိကလမ်းမ ၁၁ ခု ပေါ်က ဈေးသည်တွေကို ညဈေးတန်းကို ရွှေ့ပြောင်းခြင်းဖြစ်ပြီး အဓိက လမ်း ၁၁ ခုပေါ်မှာ ဈေးသည် မရှိအောင် ရှင်းလင်း ဆောင်ရွက် သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်(၅) ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

ညဈေးတန်းကို အဆိုပါ မြို့နယ်လေးခုရဲ့ ကမ်းနားလမ်းတစ်လျှောက် မဟာဗန္ဓုလပန်းခြံလမ်းနဲ့ဘဏ်လမ်းတို့မှာ အကောင်အထည် ဖော်ထားတာဖြစ်ပြီး ဈေးသည်တွေအသုံးပြုနိုင်ဖို့ ရေ၊ မီး၊ အမှိုက်သန့်ရှင်းရေး၊ ရေ၊ အိမ်သာတို့ စီစဉ်ပေးထားကာ ညနေ ၃ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily,Maung Tun Wai Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD