Local News: ဟင်္သာတမှာ ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိလို့ ကျောင်းသားတစ်ဦးသေဆုံး

ဟင်္သာတမြို့မှာ ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိရာက အဝေးသင်ကျောင်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

play

 

နိုဝင်ဘာလ ၂၃ ရက် ည ၈ နာရီခန့်က  ဟင်္သာတမြို့နယ် အင်္ဂပိုလ်လမ်းမပေါ်မှာ ဆိုင်ကယ်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး အဝေးသင်ကျောင်းသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဟင်္သာတမြို့ဘက်မှ လယ်တီကွင်းဘက်သို့ ဇော်ထက် မောင်းနှင်လာတတဲ့ ဆိုင်ကယ်နဲ့ စိုးအောင် မောင်းနှင်လာတဲ့ ဆိုင်ကယ်တို့  မျက်နှာချင်းဆိုင် တိုက်မိရာမှ ဇလွန်မြို့နယ် ပက်တန်းအုပ်စု ပန္နယာကျေးရွာနေသူ စတုတ္ထနှစ်မြန်မာစာ (အဝေးသင်)တက်ရောက်နေတဲ့ စီးနင်းလိုက်ပါလာတဲ့ သန့်ဇင်နိုင် (အသက် ၂၂ နှစ်) ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်နဲ့ ယာဘက်မျက်လုံးဖူးယောင်ပေါက်ပြဲဒဏ်ရာ တချက်ရရှိကာ သေဆုံးခဲ့တာဖြစ်ပါတယ်။

ဆိုင်ကယ်မောင်းနှင်သူများဖြစ်တဲ့ ဇော်ထက်နဲ့ စိုးအောင်တို့ ၂ ဦးကို ဥပဒေအရ အရေးယူပေးဖို့ ရဲအုပ်ဇော်လင်းထွန်းမှ တရားလိုပြုလုပ်ပြီး ဟင်္သာတအမှတ်(၁) မြို့မ ရဲစခန်းတွင် ယာဉ်(ပ) ၇၁/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ က/၃၃၇/၂၇၉ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ DVB သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

 

တရားခံဇော်ထက်ကို ဖမ်းဆီးထားပြီး စိုးအောင်မှာ ဆေးရုံတက်ကုသနေရတဲ့အတွက် ဆေးရုံမှ ဆင်းတဲ့အခါ ဖမ်းဆီးပြီး ရဲလုပ်ငန်းစဉ်တွေကို လုပ်ထုန်းလုပ်နည်းနဲ့အညီ ဆောင်ရွက် သွားမယ်လို့ တာဝန်ရှိ ရဲအရာရှိတဦးက ပြောပါတယ်။

Photos & Source: DVB, ကိုကြက် (ဟင်္သာတ)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ