AD
AD
AD
play

 

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို  ဝင်ရောက်နေသူတွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဆိုင်ရာမြန်မာသံအမတ် ဦးမျိုးမြင့်သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက်က ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ခေါ်ယူတွေ့ဆုံခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်မှ လူများဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ၀င်ရောက်နေကြတယ်လို့ မြန်မာသံအမတ်ကို အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။

 ရခိုင်ပြည်နယ်မှာ ဆက်လက် ဖြစ်ပွားနေတဲ့ အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်အပေါ် ဂယက်ရိုက်ခတ်မှုတွေ စတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ စိုးရိမ်ပူပန်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် မစ္စတာကမ်ရူအာဆန်က မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းအား တွေ့ဆုံပြောကြားခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

 Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD