Local News: ရှမ်းမြောက်တိုက်ပွဲ ငါးရက်မြောက်နေ့အထိ အရပ်သားရှစ်ဦးထက်မနည်း သေဆုံး

ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

play

 

နိုဝင်ဘာ ၂၄ ရက်က ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အရပ်သားတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး ရှမ်းမြောက်ဒေသတိုက်ပွဲကြောင့် ငါးရက်မြောက်အတွင်း အရပ်သားရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

 ၁၀၅ မိုင်၊ ပြည်ထောင်စုလမ်းမပေါ်၊ မုံးကိုးနဲ့  မန်ဝိန်းကြီးဘက် လေးငါးနေရာလောက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာ့အိုက်ကျော်က နိုဝင်ဘာ ၂၄ ရက်ညပိုင်းက ပြောထားကြောင်း ပြည်တွင်းသတင်းစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၂၀ ရက် ပထမနေ့မှာ အရပ်သား လေးဦးသေဆုံးပြီး ၂၂ ရက်နေ့မှာ ကုန်တင်ယာဉ်မောင်းတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ နိုဝင်ဘာ ၂၃ ရက်က နမ့်ခမ်းမြို့အနီး ပစ်ခတ်မှုတွေကြောင့်  ဒေသခံနှစ်ဦးသေဆုံးခဲ့ပြီး ၂၄ ရက်နေ့မှာတော့ လာရှိုးမှ မူဆယ်သို့ မောင်းနှင်လာတဲ့ ကုန်တင်ကားတစ်စီးမှ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးခဲ့ပါတယ်။

Source: 7Day Daily
Photos: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ