Local News: ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားက မြန်မာသံရုံးတွေမှာ တစ်ပြိုင်နက်ဆန္ဒပြဖို့ လှုံ့ဆော်နေ

နည်းနည်းတော့ ကြမ်းလောက်မယ့်သဘော ရှိပါတယ်။

play

 

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားနေတဲ့ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံက  မြန်မာသံရုံးတွေကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ တစ်ပြိုင်နက် ကန့်ကွက်ဆန္ဒပြကြဖို့ အဆိုပါနိုင်ငံက အဖွဲ့အစည်းတွေက လှုံ့ဆော်နေတယ်လို့ သိရပါတယ်။

မြန်မာသံရုံးတွေမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့ အဆိုပါနိုင်ငံက  မြန်မာသံရုံးတာဝန်ရှိသူတွေက ပြောကြားထားပြီး နိုဝင်ဘာ ၂၅ ရက်နေ့မှာ မလေးရှားက မြန်မာသံရုံးကို ပိတ်ထားမှာ ဖြစ်ပါတယ်။ ရခိုင်က အရေးကြောင့် လှုံ့ဆော်မှုတွေရှိနေကာ မလေး၊ ထိုင်း၊ အင်ဒိုက မြန်မာသံရုံးတွေကို  တစ်ပြိုင်နက်တည်း ဆန္ဒပြဖို့လုပ်နေကြတာဖြစ်ပြီး နည်းနည်းတော့ ကြမ်းလောက်မယ့်သဘော ရှိတယ်လို့ မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

နိုဝင်ဘာ ၂၄ရက်က ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားမှာ လူ၂၀၀ ခန့်က ဆန္ဒပြခဲ့တယ်လို့လည်း သိရပါတယ်။

Source: 7Day Daily
Photos: AP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ