Local News: မူဆယ်-လာရှိုးကားခ တစ်ဦးကို ကျပ်သုံးသိန်း ရှိနေ

, updated

အပစ်ခံနေရတာတွေဖြစ်နေတော့ ကားသမားတွေလည်း မတက်ရဲဘူး။

play

 

မူဆယ်-လားရှိုးလမ်းပိုင်းမှာ  ခရီးသည်တင်ယာဉ်တွေ မရှိတော့တာကြောင့် လူတစ်ဦးကို ကျပ်သုံးသိန်းအထိပေးပြီး  ယာဉ်ငယ်တွေနဲ့ သွားလာနေရတယ်လို့ သိရပါတယ်။

ယခင်က မူဆယ် − လားရှိုးလမ်းပိုင်းကို ယာဉ်ငယ်နဲ့ သွားမယ်ဆိုရင် တစ်ဦးကို ၁၅,၀၀၀ ကျပ်ဝန်းကျင်သာ ပေးရပေမဲ့ အခုအခါမှာ သိန်းဂဏန်းအထိပေးပြီး သွားလာနေရတာ ဖြစ်တယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

 မူဆယ် - လားရှိုး ပြည်ထောင်စုလမ်းပိုင်းမှာ ပစ်ခတ်မှုတွေကြောင့် နိုဝင်ဘာ ၂၄ ရက်အထိ လူနှစ်ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။

အပစ်ခံနေရတာတွေဖြစ်နေတော့ ကားသမားတွေလည်း မတက်ရဲဘဲ သက်ဆိုင်ရာကလည်း တားထားကြောင်းနဲ့  ဒီလိုအချိန်မှာ ကားမောင်းရဲတဲ့ သူတွေက တောင်းမှာပဲ ဖြစ်တယ်လို့ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောထားပါတယ်။

Source: 7Day Daily
Photos: MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ