Local News: ကုန်သေတ္တာယာဉ်တွေ ဒီဇင်ဘာ ၁ ရက်ကစပြီး ညဘက်မှာပဲ မောင်းနှင်ရတော့မယ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အတည်ပြုလိုက်တာပါ။

play

 

ကုန်သေတ္တာတင်ယာဉ်တွေကို ညအချိန်မှာပဲ  ဖြတ်သန်းမောင်းနှင်စေမယ့် အစီအစဉ်ကို ဒီဇင်ဘာ ၁ ရက်မှာ စတင်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

‘‘ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုလိုက်ပါပြီ။ အချိန်ကတော့ မူလကြေညာထားတဲ့ အချိန်ပါပဲ’’လို့ ရန်ကုန်မြို့သယ်ယူပို့ ဆောင်ရေး  အာဏာပိုင်အဖွဲ့အတွင်းရေးမှူး  ဒေါက်တာမောင်အောင်က ပြောပါတယ်။

play

 

ရန်ကုန်မြို့မှာ ကုန်သေတ္တာတင်ယာဉ်တွေကို ကမ်းနားလမ်းနဲ့ ဘုရင့်နောင်လမ်းမတို့မှာ အများဆုံးဖြတ်သန်းမောင်းနှင်နေကြပြီး ကုန်သေတ္တာတင်ယာဉ်တွေ အများဆုံးဖြတ်သန်း မောင်းနှင်ချိန်မှာ အဆိုပါလမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုမိုဖြစ်ပွားတတ်တယ်လို့ ခရီးသွားတွေက ပြောပါတယ်။

‘‘အစည်းအဝေးမှာ ဆုံးဖြတ် လိုက်ပြီဆိုတာတော့ ကြားတယ်။ တရားဝင်စာတော့ မရောက်သေး ဘူး။ ၁ ရက်နေ့မတိုင်မီတော့ စာ ထွက်မယ်ထင်တယ်။ အချိန်ကန့် သတ်လိုက်တဲ့အတွက် ဒီလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေကို အစိုးရ က လိုအပ်တာကူညီလုပ်ပေးမယ် လို့တော့ ပြောတယ်’’လို့ မြန်မာနိုင်ငံကုန်သေတ္တာယာဉ်များအသင်း ဒုတိယဥက္ကဋ္ဌ (၂)ဦးစိုးနိုင်က ပြောသည်။

Source & Photos : 7DayDaily,MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ