Local News: ကမာရွတ် ရထားသံလမ်းပေါ်က မိန်းကလေးငယ်သေဆုံးမှု ပြစ်မှုကျူးလွန်သူကို လိုက်လံဖမ်းဆီးနေ

ဟံသာဝတီဘူတာနဲ့ လှည်တန်းဘူတာကြားက သံလမ်းပေါ်မှာ သေဆုံးခဲ့တာပါ။

play

 

နိုဝင်ဘာလ ၂၄ ရက် ည ၇ နာရီလောက်က ကမာရွတ်မြို့နယ် ဟံသာဝတီဘူတာနဲ့ လှည်တန်းဘူတာကြားက သံလမ်းပေါ်မှာ သေဆုံးခဲ့တဲ့ အသက် ၁၀ နှစ်အရွယ်မိန်းကလေးကို သတ်ဖြတ်ခဲ့သူကို လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ အမျိုးသမီးငယ်က လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအောက်ထိပ်နေ မ၀င်းဝင်းအေး၊ (၁၀)နှစ်ဖြစ်ပြီး မိခင်ဖြစ်သူမဌေးနဲ့ အတူလှည်းတန်းခုံးတံတားအောက်မှာ ပန်းရောင်းတဲ့ အလုပ်လုပ်တာလို့ မိခင်ဖြစ်သူက ပြောပါတယ်။

play

 

စုံစမ်းမှုတွေအရ သေဆုံးသူကလေးငယ်မိခင်ရဲ့ ညီမရဲ့ခင်ပွန်းဟောင်းဖြစ်သူ ပြာဂလောင်(ခ)ကျော်ကြီးဆိုသူက နိုဝင်ဘာလ ၂၄ ရက်ညနေပိုင်းမှာ  ရောက်လာပြီး သူတစ်ဦးတည်းပိုက်ဆံတောင်းနေတာ အဆင်မပြေလို့ သမီးဖြစ်သူကို ထည့်ပေးဖို့ပြောရာမှာ သမီးဖြစ်သူ မ၀င်းဝင်းအေးကို ထည့်ပေးလိုက်ပြီး ညပိုင်းမှာ ပြန်မရောက်လာလို့ မေးမြန်းခဲ့ရာမှာ ပြာဂလောင်(ခ)ကျော်ကြီးက ပြန်လွှတ်လိုက်တဲ့အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူ မဌေးကလည်း သမီးဖြစ်သူကို လိုက်လံရှာဖွေနေတုန်းမှာ သမီးဖြစ်သူက ဟံသာဝတီဘူတာနဲ့ လှည်းတန်းဘူတာကြားက ရထားသံလမ်းပေါ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရပြီး အနီးနားမှာလည်း ပြာဂလောင်(ခ)ကျော်ကြီးလွယ်သွားတဲ့ အပြာအဖြူစိမ်းပတ်လည်စင်းပါ ချည်လွယ်အိတ်ကို တွေ့ခဲ့ရပြီး ပြစ်မှုကျူးလွန်တယ်လို့ ယူဆရသူ  ပြာဂလောင်(ခ)ကျော်ကြီးကို ဖမ်းဆီးရဖို့ ရဲတပ်ဖွဲ့က စုံစမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source & Photos : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ