Local News: နိုင်ငံခြားသား ငါးဦးပါတဲ့ မူးယစ်ဂိုဏ်း ရန်ကုန်မြို့လယ်မှာဖမ်းမိ

Ice မူးယစ်ဆေး အလေးချိန် ၁၁၁ဝ ကီလိုဂရမ်နဲ့ ဖမ်းဆီးရမိခဲ့တာပါ။

play

 

နိုင်ငံခြားသား ငါးဦးပါဝင်တဲ့ မူးယစ်ဆေးဝါးဂိုဏ်းကို ဆာလာအိတ် ၃၇ အိတ်နဲ့ ထည့်ထားတဲ့  (Ice) မူးယစ်ဆေးဝါးတွေနဲ့ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ ပုဇွန်တောင်လမ်းမပေါ်မှာ နိုဝင်ဘာလ ၁၈ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အလေးချိန် ၁၁၁ဝ ကီလိုဂရမ်ရှိတဲ့ Ice မူးယစ်ဆေးဝါးတွေကို အသက် ၂၂ နှစ်အရွယ် ဟောင်ကောင်နိုင်ငံသား ဟူချင်ကင်းနဲ့ အသက် ၂၃ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား ၀မ်ဝေဂျောင်တို့က ဆာလာအိတ် ၃၇အိတ်၊ ပြောက်ကျား ကျောပိုးအိတ် နှစ်လုံးတို့နဲ့ ထုပ်ပိုးပြီး နိုဝင်ဘာလ ၁၈ ရက် ည ၈ နာရီခွဲက အငှားယာဉ်နဲ့ သယ်ဆောင်လာတုန်းမှာ စက်ဆန်းရပ်ကွက်၊ ပုဇွန်တောင်လမ်းအရောက် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ဆက်နွှယ်နေသူတွေဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား လင်ချန်ချွန်နဲ့ အသက် ၂၂ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား လင်ရှင်းချန်တို့ နှစ်ဦးကို ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလလမ်းရှိ မဟာဗန္ဓုလအိမ်ရာမှာ ထပ်မံဖမ်းမိခဲ့ပြီး မင်္ဂလာတောင်ညွန့် မြို့နယ် ရဲစခန်းမှာ မူးယစ်အမှုတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Source : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ