Local News: မောင်တောမှာ စိတ်ကြွဆေးပြား ၆၅၀၀၀ ကျော် သိမ်းဆည်းရမိ

တိုက်ကင်းလှည့်နေတုန်း သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။

play

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ ကာလတန်ဖိုး သိန်း ၁၃၀၀ ကျပ်ခန့်ရှိတဲ့ WY စာတန်းပါ စိတ်ကြွဆေးပြား  ၆၈၂၅၀ ပြား  သိမ်းဆည်းရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက နိုဝင်ဘာ ၂၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

play

 

လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်ညပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မောင်တောမြို့ ကညင်ချောင်းဝကနေ တပ်ချောင်းဘက်ကို တိုက်ကင်းလှည့်နေတုန်းမှာ မသင်္ကာဖွယ်ရာလှေ တစ်စီးနဲ့ လူသုံးဦးကို တွေ့ရှိခဲ့လို့ မီးအချက်ပြခေါ်ယူခဲ့ပေမဲ့ မလာရောက်ခဲ့လို့ လက်နက်ငယ် ငါးချက်လောက် ခြောက်လှန့်ပစ်ခတ်ပြီး လိုက်လံဖမ်းဆီးခဲ့ရာမှာ ဓနိတောထဲကို ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

play

 

ထွက်ပြေးသွားတဲ့သူတွေကို လိုက်လံရှာဖွေခဲ့တာကနေ အလျား ပေ ၂၀၊ အနံ သုံးပေရှိတဲ့ လက်ခတ်လောင်းလှေ တစ်စီးကို ကမ်းစပ်မှာ သိမ်းဆည်းရမိပြီး လှေပေါ်မှာ တိတ်အဝါနဲ့ ပတ်ထားတဲ့ အထုတ် ခုနှစ်ထုတ်အတွင်းကနေ  WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား  ၆၈၂၅၀ ပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Source & Photos : State Counsellor Office Information Committee

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ