Local News: မိန်းမ,မယူဖို့ပြောတဲ့ အဘိုးကို မြေးဖြစ်သူက သေနတ်နဲ့ပစ်

တူမီးသေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

play

 

အိမ်ထောင်ပြုမယ့် အစီအစဉ်ကို တားဖြစ်တယ်ဆိုပြီး မြေးဖြစ်သူက အဖိုးဖြစ်သူကို တူမီးသေနတ်နဲ့ ပစ်ခတ်မှု ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့မှာ နိုဝင်ဘာလ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မိုင်းခတ်မြို့နယ်၊ နောင်လုံးကျေးရွာအုပ်စု ပင်းနီကျေးရွာမှာ အသက် ၃၅ နှစ်အရွယ် မြေးဖြစ်သူက အရှည်ငါးပေလောက်ရှိတဲ့ တူမီးသေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးအေးအေးမြင့်က ပြောပါတယ်။

“တရားခံကတော့ သေနတ်ကို အခင်းဖြစ်နေရာမှာ ထားခဲ့ပြီး ထွက်ပြေးသွားလို့ ဖမ်းမိဖို့ ကြိုးစားနေတယ်။ ဒီဘက်ဒေသက တိုင်းရင်းသားတွေ အားလုံးက ရိုးရာလိုဖြစ်ပြီး တူမီးသေနတ်တွေ ကိုင်ကြတယ်”လို့ ရဲမှူးအေးအေးမြင့်က ပြောပါတယ်။

သေနတ်နဲ့အပစ်ခံရတဲ့ အဖိုးဖြစ်သူရဲ့ညာဘက်ပေါင်မှာ မစိုးရိမ်ရတဲ့ သေနတ်ဒဏ်ရာ ငါးချက်ရခဲ့ကာ အသက် ၃၅ အရွယ် အိုက်ခမ်းကို ရာဇသတ်ကြီးပုဒ်မ - ၃၀၇ နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိဖို့ စုံစမ်းနေတယ်လို့ မိုင်းခတ်မြို့မ ရဲစခန်းကနေ သိရပါတယ်။

Source : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ