Local News: ရှမ်းပြည်နယ် မြောက်ပိုင်းလုံခြုံရေး တိုးမြှင့်ဖို့ မြန်မာ့တပ်မတော်ကို အင်အားဖြည့်တင်း

ရဟတ်ယာဉ်တွေအသုံးပြုပြီး အင်အားတိုးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

play

 

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသ မူဆယ်နဲ့ကွတ်ခိုင်မြို့တွေမှာ လုံခြုံရေးတာဝန်ကျနေတဲ့ တပ်မတော်သားတွေရဲ့အင်အားကို မြန်မာ့တပ်မတော်က ရဟတ်ယာဉ်တွေအသုံးပြုပြီး အင်အားတိုးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၅ ရက် မနက်ပိုင်းက တပ်မတော်ရဟတ်ယာဉ်တွေနဲ့ မူဆယ်မြို့နားကို တပ်မတော်သားတွေနဲ့ လက်နက်ခဲယမ်းတွေကို လာရောက်ချထားပေးခဲ့တယ်လို့ ဆိုပါတယ်။

play

 

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA ၊ TNLA နဲ့ MNDAA အဖွဲ့တွေက နိုဝင်ဘာလ ၂၀ ရက်နေ့မှာ မူဆယ်နဲ့ ကွတ်ခိုင်မြို့တွေမှာရှိတဲ့ ရဲတပ်ဖွဲ့စခန်းတွေ၊ လုံခြုံရေးစခန်းတွေ၊ တပ်မတော်ကင်းစခန်းတွေနဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွေကို တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လုံခြုံရေးအတွက် အင်အားတိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

play

 

လက်ရှိအချိန်မှာတော့ မူဆယ်ဒေသလုံခြုံရေးအတွက် ဒေသခံပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်က လုံခြုံရေးတာဝန်ယူပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Sai Zaw (7DayDaily)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ