Local News: ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က မြန်မာသံရုံးတွေကို မွတ်စလင် အဖွဲ့အစည်းတွေ ဆန္ဒပြ

မောင်တောဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဆန္ဒပြခဲ့တာပါ။

play

 

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က မြန်မာသံရုံးတွေကို အဆိုပါနိုင်ငံတွေက အဖွဲ့အစည်းတွေက ဒီနေ့ (နိုဝင်ဘာ ၂၅ ရက်) မနက်ပိုင်းမှာ တစ်ပြိုင်တည်း ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့ မလေးရှားနိုင်ငံစံတော်ချိန် ၂ နာရီခွဲအချိန်က မလေးရှားနိုင်ငံမှာရှိတဲ့ မွတ်စလင်အဖွဲ့အစည်းတွေက အင်အား ၂၀၀၀ ကျော်က မြန်မာသံရုံးရှေ့ကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာရောက်ဆန္ဒပြကန့်ကွက်နေတယ်လို့  မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူတစ်ဦးက ဆဲဗင်းဒေးသတင်းစာကို ပြောပါတယ်။

play

 

မလေးရှားနိုင်ငံမှ မွတ်စလင်အဖွဲ့အစည်း ခြောက်ဖွဲ့က မြန်မာသံရုံးရှေ့ကိုလာရောက်ပြီး ဆန္ဒပြကန့်ကွက်ခဲ့ကာ ရေးသား တောင်းဆိုထားတဲ့ စာချွန်လွှာတွေ ပေးအပ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကိုလည်း အဆိုပါနိုင်ငံမှာရှိတဲ့ မွတ်စလင်အဖွဲ့အစည်း တွေက လာရောက်ဆန္ဒပြကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရှိ မွတ်စလင်အဖွဲ့အစည်းတွေက အင်အား ၅၀ ခန့်က ဒီနေ့ နေ့လယ်ပိုင်းမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့ကို လာရောက်ဆန္ဒပြကန့်ကွက်ခဲ့ပြီး ဆန္ဒပြသူများ လာရောက်မှုကြောင့်  ထိုင်းရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်ပေးထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ