Local News: ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးထဲမှာ ပေါက်ကွဲမှုဖြစ်

, updated

M 150 အချိုရည်ပုလင်းနဲ့လုပ်ထားတဲ့ လက်လုပ်ဗုံးနှစ်ခု ပေါက်ကွဲခဲ့တာပါ။

play
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးအတွင်း ဗုံးရှာဖွေနေစဉ်။

 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ကျောက်စိမ်းခန်းမ ဘားတိုက်နားမှာ ဒီနေ့ညနေ ၆ နာရီပတ်ဝန်းကျင်က ဗုံး နှစ်လုံး ၁၀ မိနစ်ခြား တစ်ခါစီပေါက်ကွဲခဲ့ပြီး မပေါက်ကွဲဘဲကျန်ခဲ့တဲ့ ဗုံးတစ်လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

play
ဗုံးပေါက်ကွဲသည့် သတင်းလာရောက်ရယူနေသည့် သတင်းသမားများကို တွေ့ရစဉ်။

 

တိုင်းအစိုးရအဖွဲ့ လဝကရုံး အောက်ဆုံးထပ်မှာ M-150 အချိုရည်ပုလင်းနဲ့ လုပ်ထားတဲ့ လက်လုပ်ဗုံး နှစ်လုံး ပေါက်ကွဲတာလို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အတည်ပြုပြောပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ ပေါက်ကွဲမှု ငါးကြိမ်းဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့က ဒဂုံတောင်ပိုင်း လ၀ကရုံးမှာ လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ဒီပေါက်ကွဲမှုအားလုံးမှာ M150 အချိုရည်ပုလင်းကို အသုံးပြုထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Source : DVB

Photos : Kyaw Swar Min Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ