AD
AD
AD
play
မန္တလေးမြို့တရုတ်တန်းမြင်ကွင်း။

 

မန္တလေးတိုင်းဒေသကြီး ထဲကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေထဲက ဗီဇာစည်းကမ်းဖောက်ဖျက်ပြီး ပြစ်မှုကျူးလွန်တဲ့ တရုတ်နိုင်ငံသား ၁၃ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့  မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနကနေ သိရပါတယ်။

‘‘ကမ္ဘာလှည့်ရော၊ စီးပွားရေးဗီဇာတွေ အများဆုံးက တရုတ်နိုင်ငံသားတွေများတယ်။ တရုတ်နိုင်ငံသား တစ်လကို ၇,၀၀၀ ကျော်လောက်ရှိတယ်။ တချို့တရုတ်နိုင်ငံသားတွေဆိုရင် နေအိမ်တွေမှာ ငှားပြီးနေတယ်။ နိုင်ငံခြားသားနဲ့ပတ်သက်လို့ မသင်္ကာစရာ တစ်စုံတစ်ရာတွေ့ရင် သက်ဆိုင်ရာရဲစခန်းကို သတင်းပေးပို့စေချင်တယ်’’လို့ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။

play

 

မန္တလေးတိုင်းထဲကို ဒီနှစ်ထဲမှာ တစ်လကို နိုင်ငံခြားသားအရေအတွက် ၁၂,၀၀၀ ကျော် ဝင်ရောက်နေပြီး ဇန်နဝါရီကနေ နိုဝင်ဘာလလယ်အထိ နိုင်ငံခြားသားတွေ လိုက်နာဖို့ သတ်မှတ်ထားတဲ့  စည်းကမ်းတွေဖောက်ဖျက်တဲ့ နိုင်ငံခြားသား ၁၈ ဦး ရှိတဲ့အထဲမှာ ၁၃ ဦးက တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနကနေ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးထဲကို တရုတ်နိုင်ငံသားတွေ အများဆုံးလာရောက်ကြပြီး ထိုင်းနိုင်ငံတွေက ဒုတိယအများဆုံး ဝင်ရောက်ကာ အမေရိကန်၊ ပြင်သစ်၊ အီတလီနဲ့ ဩစတြေးလျနိုင်ငံသားတွေလည်း လာရောက်ကြတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : chinafiles, mdyview

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD