Local News: ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားတဲ့ တီရှပ် သိန်းခြောက်ရာကျော်နဲ့ လေလံအောင်

စိန်နေခြည် ကျောက်မျက်ရတနာကုမ္ပဏီက လေလံအောင်ခဲ့တာပါ။

play

 

ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်ကျခံရစဉ်မှာ ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ပန်းချီကား ရိုက်နှိပ်ထားတဲ့ တီရှပ်တစ်ထည်ကို ကျပ်သိန်းခြောက်ရာကျော် (အမေရိကန် ဒေါ်လာလေးသောင်းခြောက်ထောင်)နဲ့ စိန်နေခြည် ကျောက်မျက်ရတနာကုမ္ပဏီက လေလံအောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတီရှပ်ကို လေလံပွဲမတိုင်ခင်က ကျပ်သိန်း ၁၀၀ ကျော်အထိ ဈေးပေးထားပေမယ့် နိုဝင်ဘာ၂၅ ရက်ညက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တဲ့ လေလံပွဲမှာ ကန်ဒေါ်လာ ၄၆,၀၀၀ နဲ့ စိန်နေခြည် ကျောက်မျက်ရတနာကုမ္ပဏီက လေလံအောင်ခဲ့တာပါ။

အရင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံရစဉ်မှာ ၂၀၀၉ က ရေးဆွဲခဲ့တဲ့ ရေဆေးပန်းချီကားကို လေလံ တင်ဖို့စီစဉ်ခဲ့ပြီး တစ်ရက်အတွင်း အမေရိကန်ဒေါ်လာ တစ်သိန်းခွဲအထိ (ကျပ်သိန်းနှစ်ထောင်ခန့်ထိ) ဈေးရရှိခဲ့ပေမယ့် သမိုင်းဝင် ပန်းချီကားကို ပြည်သူတွေ ရာသက်ပန်လေ့လာကြည့်ရှုနိုင်ဖို့နဲ့ ပြတိုက်တွေမှာ ရေရှည်ပြသသွားမယ်လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆုံးဖြတ်ခဲ့ပါတယ်။

Source : 7DayDaily

Photo : Daw Khin Kyi Foundation

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ