Local News: မူဆယ်-လားရှိုးလမ်းပိုင်းမှာ ကားလေးစီး မီးရှို့ဖျက်ဆီးခံရ

နိုဝင်ဘာလ ၂၅ ရက်နေ့က မီးရှို့ဖျက်စီးခံခဲ့ရတာပါ။

play

 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ နိုဝင်ဘာ ၂၅ ရက်က ခရီးသည်တင်ယာဉ်တစ်စီးအပါအ၀င် အရပ်သားယာဉ်လေးစီး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်နဲ့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းက ကွတ်ခိုင်မြို့ မြောက်ဘက် ၁၃ မိုင်ခန့်အကွာ အထက်နမ့်ဖတ်လွန်းကျေးရွာနားမှာ KIA/ TNLA လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေက ပြည်ထောင်စုလမ်း မကြီးပေါ်မှာ သွားလာနေတဲ့ ယာဉ်ကြီး၊ ယာဉ်ငယ်တွေကို တားဆီးပြီး ၂၂ ဘီးယာဉ်နှစ်စီးနဲ့ ခရီးသည်တင်မှန်လုံယာဉ်တစ်စီးတို့ကို ခေါင်းချင်းဆိုင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အစိုးရက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

play

 

‘‘ကားတွေကိုတားပြီး လမ်းကို ကန့်လန့်ရပ်ခိုင်းတယ်။ ပြီးတော့ ဗုံးနဲ့ခွဲတာ။ အတော်ဆိုးတယ်။ ကျွန်တော်တို့ မြင်နေရတယ်။ ခရီးသည်တွေ ကြောက်နေကြတာ ရစရာမရှိဘူး"လို့ မျက် မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

အလားတူ ကွတ်ခိုင်မြို့ မြောက်ဘက် ၁၆ မိုင်ခန့်ကွာ မန်လွယ်ရွာနားမှာလည်း လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေက ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ယာဉ်တွေကို နှောင့်ယှက်တားဆီးပြီး ပရာဒိုယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နိုဝင်ဘာ ၂၅ ရက်မှာ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Source : 7DayDaily

Photos : State Counsellor Office Information Committee

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ