Local News: အချက်အလက် မမှန်မကန်ပြုလုပ်တဲ့ သင်္ဘောသားပို့ဆောင်ရေး ကုမ္ပဏီနှစ်ခုကို လိုင်စင်ရုပ်သိမ်း

ကုမ္ပဏီနှစ်ခုကို လိုင်စင်အပြီး ရုပ်သိမ်းခဲ့တာပါ။

play

 

သင်္ဘောသားတွေ စေလွှတ်ရာမှာ အချက်အလက် မမှန်မကန်ပြုလုပ်ခဲ့တဲ့ ကုမ္ပဏီနှစ်ခုကို လိုင်စင်ပိတ်သိမ်းအရေးယူခဲ့တယ်လို့ ရေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

ရေကြောင်းဌာနခွဲက သင်္ဘောသားတွေရဲ့ ပင်လယ်ပြင်လုပ်သက်စစ်ဆေးရာမှာ သင်္ဘောသား တာဝန်ထမ်းဆောင်ခဲ့တဲ့ သင်္ဘောနဲ့စီဒီစီစာအုပ်ပါ သင်္ဘောအမည်တွေ ကွဲလွဲနေတာကို တွေ့ရှိခဲ့လို့ တာဝန်ယူစေလွှတ်တဲ့ကုမ္ပဏီက ခေါ်ယူမေးမြန်းခဲ့ရာ အချက်အလက်မမှန်မကန်ပြုလုပ်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သင်္ဘောသားဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ပြောသည်။

အချက်အလက် မမှန်ကန်ဘဲ သင်္ဘောသားများကို သင်္ဘောပေါ်ကို စေလွှတ်ခဲ့လို့ ရေကြောင်းဦးစီးဌာန အသိအမှတ်ပြု SRPS လိုင်စင်ရ Sun Marine ကုမ္ပဏီနဲ့ World Class Marin 9 ကုမ္ပဏီတို့ကို လိုင်စင်အပြီး ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ SRPS လိုင်စင်ရတဲ့ သင်္ဘောကုမ္ပဏီ ၁၅၈ ခုရှိပြီး လတ်တလောမှာ စည်းကမ်းဖောက်ဖျက်မှုကြောင့် ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက လိုင်စင်ရုပ်သိမ်းထားတဲ့ ကုမ္ပဏီ ၁၂ ခုရှိပြီး လိုင်စင်ဆိုင်းငံ့ထားတဲ့ ကုမ္ပဏီ (၁၅) ခုရှိတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo : MMS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ