AD
AD
AD
play

 

အခန်းငှားရမ်းသူတွေအနေနဲ့ ငှားနေခွင့်မရှိတဲ့ နိုင်ငံခြားသားတွေကို လက်ခံငှားရမ်းထားတာ တွေ့ရှိရင် တည်ဆဲဥပဒေနဲ့  အရေးယူမယ်လို့ သိရပါတယ်။

မြန်မာပြည်မှာနေတဲ့ နိုင်ငံခြားသား ၇၀ ရာခိုင်နှုန်းကျော်လောက်ဟာ ရန်ကုန်မှာနေနေကြပြီး အခန်းငှားတဲ့သူတွေ အများစုကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကို အကြောင်းကြားတာမျိုး နည်းပြီး နေထိုင်ခွင့်မရှိတဲ့ ဗီဇာနဲ့ ငှားနေလို့ ဖမ်းမိရင် အိမ်ရှင်ဖြစ်သူကိုပါ အရေးယူမှာဖြစ်တယ်လို့  လ၀ကရန်ကုန်တိုင်းဒေသဦးစီးမှူး ဦးမောင်မောင်သန်းက ပြောထားပါတယ်။

နိုင်ငံခြားသားတွေဟာ အလုပ်လုပ်ကိုင်ဖို့ Business ဗီဇာနဲ့ လာရောက်နေထိုင်ရင် ရပ်ကွက်တွေမှာ ငှားရမ်းနေထိုင်ခွင့်ရှိကာ ၁၉၄၇ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အလည်အပတ်ဗီဇာနဲ့ လာရောက်ရင်တော့ ဟိုတယ်တွေမှာသာ နေထိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။

စည်းကမ်းဖောက်ဖျက်ရင် ၁၉၄၇ လူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၄(၂)/၁၃ (၁)အရ ထောင်ဒဏ်အနည်းဆုံး ခြောက်လကနေ ငါးနှစ်အထိ ချနိုင်တာဖြစ်ပါတယ်။

Sourcce: 7Day Daily
Photos: Al Jazeera

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD