Local News: မုံရွာမှာ ထရန်စဖော်မာဝင်းအတွင်း အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

ရုပ်အလောင်းအနီးက ပလာယာ တစ်လက်၊ ကြေးနန်းကြိုးဖြတ်စ သုံးစ၊ လောက်လေးခွ တစ်လက်၊ စက်ဘီးကုံးသီးတွေလည်း တွေ့ရှိ ခဲ့တယ်လို့ သိရပါတယ်။

play

 

မုံရွာမြို့ အိုးဘိုထောင်ရပ်ကွက် ကမ်းနားလမ်းက  ထရန်စဖော်မာဝင်းအတွင်းမှာ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၆ရက် နံနက် ၁၁နာရီခန့်က ဓာတ်လိုက်သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်ပြီး ထရန်စဖော်မာခြံစည်းရိုးသံဆန်ခါပေါ်မှာ ဓာတ်လိုက်ကာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ဖြစ်တယ်လို့ မုံရွာမြို့ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်က ပြောထားပါတယ်။ 

ရုပ်အလောင်းအနီးက ပလာယာ တစ်လက်၊ ကြေးနန်းကြိုးဖြတ်စ သုံးစ၊ လောက်လေးခွ တစ်လက်၊ စက်ဘီးကုံးသီးတွေလည်း တွေ့ရှိ ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်လိုက်သေဆုံးသူဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘဲ ရဲစခန်းမှာ သေမှုသေခင်း ဖွင့် စစ်ဆေးနေပါတယ်။

 သေဆုံးသူဟာ အသက် ၃၅ နှစ်ခန့်ရှိပြီး သေမှု သေခင်းအမှတ်စဉ် ၃၈/၂၀၁၆ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပါတယ်။

Photos & Source: 7Day Daily, မျိုးမင်းဦး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ