AD
AD
AD
play

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင်ထဲက ကြူကုတ်(ပန်ဆိုင်း) ရဲစခန်းကို လက်နက်ကိုင်နှစ်ဦးက ချောင်းမြောင်း ပစ်ခတ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လယ် ၁၁ နာရီလောက်က  ကြူကုတ်(ပန်ဆိုင်း) ရဲစခန်းအဝင်ပေါက်မှာ လူတစ်ဦးမယောင်မလည် လုပ်နေတာကြောင့် အဆိုပါစခန်းမှ ဒုရဲအုပ် ဖြိုးဝေအောင်နဲ့  ရဲတပ်သား မင်းမင်းထိုက်တို့နှစ်ဦးက စခန်းရှေ့ကို ထွက်ပြီး စစ်ဆေးရာမှာ မျက်နှာချင်းဆိုင်အိမ်ထဲကနေ လက်နက်ကိုင်နှစ်ဦးက ချောင်းမြောင်းပစ်ခတ်ခဲ့လို့ ဒဏ်ရာရခဲ့တယ်လို့ မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးသန်းထိုက်က ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ နှစ်ဦးက အပေါ်ယံလျှပ်ထိတဲ့ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး ချောင်းမြောင်းပစ်ခတ်တဲ့သူတွေကို စခန်းလုံခြုံရေး အသင့်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်က ခုခံပစ်ခတ်ခဲ့ပြီး တပ်မတော်က နယ်မြေရှင်းလင်း ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Source & Photo : The Voice,State Counsellor Office Information Committee

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD