Local News: ဆေးဝါးဈေးများ ၅ ရာခိုင်နှုန်းခန့် ဈေးတက်ဖို့ ဆေးတင်သွင်း ကုမ္ပဏီအချို့ ပြင်ဆင်နေ

ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီငယ်တွေကတော့ မခံနိုင်လို့ ဈေးတက်ကြပြီး ကုမ္ပဏီကြီးတွေကတော့ ဒီလကုန်တက်ဖို့ ရှိတယ်။

play

 

အမေရိကန်ဒေါ်လာ ဈေးတက်လာတာကြောင့် ဆေးဝါးပစ္စည်းဈေးကို ၅ ရာခိုင်နှုန်းခန့်တက်ဖို့ ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီအချို့က ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဆေးဝါးပစ္စည်းတက်တာဟာ ဒေါ်လာဈေးတက်တာထက်လျော့ပြီးတက်လေ့ရှိကာ ငွေဈေးက ၇ ရာခိုင်နှုန်းတက်ရင် ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီက သူ့ပစ္စည်းကို ၄ ရာခိုင်နှုန်းလောက်တက်မှာ ဖြစ်တယ်လို့ ပြည်ပမှ ဆေးဝါးတင်သွင်းတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

လက်ရှိအချိန်ဟာ ပုံမှန်အားဖြင့် အရောင်းအဝယ်ပါးတဲ့ ကာလဖြစ်တာကြောင့် အရောင်းအေးမသွားစေဖို့ ဆေးဝါးပစ္စည်းတွေ ဈေးတက်မယ့်အခြေအနေကို ဆေးဝါးတင်သွင်းကုမ္ပဏီကြီးအချို့က နိုဝင်ဘာလကုန်အထိ စောင့်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီငယ်တွေကတော့ မခံနိုင်လို့ ဈေးတက်ကြပြီး ကုမ္ပဏီကြီးတွေကတော့ ဒီလကုန်တက်ဖို့ ရှိကာ အနည်းဆုံး ၅ရာခိုင်နှုန်းလောက်တက်မယ်လို့ ခန့်မှန်းကြောင်း ပြည်ပမှ ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီကြီး တစ်ခုမှ ဈေးကွက်မန်နေဂျာတစ်ဦးက ပြောကြားထားကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

Photos & Source: 7Day Daily,Frontier Myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ