Local News: ကွတ်ခိုင်မြို့အတွင်း ပစ်ခတ်မှုတွေကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

ဝဲဘက်ရင်အုံမှာ  သေနတ်ဖောက်ဝင်ပြီး စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် မူဆယ်ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

play

 

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း  KIA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့တွေရဲ့ မနေ့ကပစ်ခတ်မှုတွေကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ MOI ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကောင်ခါးမိန်ပြိန်းအုပ်စု ပန်နိမ်ရွာမှ ဒေါ်အေမန်ဟာ  ပြောင်းဖူးချိုးနေစဉ် မနေ့က မွန်းလွဲ ၃ နာရီခွဲခန့်က လက်နက်ကိုင်အဖွဲ့တွေရဲ့  ပစ်ခတ်မှုကြောင့် ဝဲဘက်ရင်အုံမှာ  သေနတ်ဖောက်ဝင်ပြီး စိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး မူဆယ်ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

မနေ့က ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ကွတ်ခိုင်မြို့နယ် နမ့်ခိုင်ရွာအနီးရှိ နမ့်ခိုင်တံတားရဲကင်းကို KIA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့က မန်လွယ်ကျေးရွာဘက်မှ လက်နက်ငယ်တွေနဲ့ ၃ မိနစ်ခန့် လာရောက် ပစ်ခတ်ခဲ့ပြီး အဆိုပါဖြစ်စဉ်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ သိရပါတယ်။  ပြည်ထောင်စုကားလမ်းမကြီးမှာလည်း မိုင်းနဲ့ဖောက်ခွဲ ဖျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားပါတယ်။

Photos & Source: MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ