AD
AD
AD
play

 

ဖောင်းပြင်မြို့နယ် စစ်သောင်ကျေးရွာနားမှာ သေနတ်အဟောင်းတွေကို နိုဝင်ဘာ ၂၄ ရက် ညနေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်သောင်အုပ်စု ငရွေးချောင်းကျေးရွာနေ တောင်သူ ဦးထွန်းထွန်းစိုးဟာ နွားတွေကို လိုက်လံသိမ်းဆည်းရင်း စစ်သောင်ကျေးရွာအနောက်ဘက် (၄)မိုင်ခန့်အကွာက  ကျောက်ခုံချောင်း ကမ်းပါးပြိုကျရာနေရာမှာ သေနတ်အချို့ကို တွေ့တာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ဖောင်းပြင်မြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတွေဟာ နိုဝင်ဘာ ၂၆ ရက်နေ့က ဆက်လက်စစ်ဆေးခဲ့ရာမှာ ကျောက်ခုံချောင်းကမ်းပါးမှ နောက်ထပ်သေနတ်အဟောင်း ၃၃ လက် တွေ့ရှိခဲ့ပါတယ်။ သေနတ်တွေဟာ  ၂၅ လက်မအရှည် ကာဘိုင်သေနတ် ၄ လက်၊  ၃၂လက်မအရှည် ကာဘိုင် ၁ လက်၊ ၃၈ လက်မအရှည် ရိုင်ဖယ် ၃၂လက်၊ စုစုပေါင်း  ၃၇ လက်ဖြစ်တယ်လို့ သိရပါတယ်။

Photos & Source: MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD