Local News: တန်ဖိုးနည်းအိမ်ရာ အခန်း ၆၀၀ ကျော်ကို အရစ်ကျစနစ်နဲ့ ရောင်းချတော့မယ်

ရွှေလင်ဗန်း၊ ကနောင်နဲ့ ယုဇနအိမ်ရာတွေက အခန်းတွေကို ရောင်းချမှာပါ။

play
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနတန်ဖိုးနည်းအိမ်ရာကိုတွေ့ရစဉ်။

 

မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက တည်ဆောက်ပြီးစီးခဲ့တဲ့ တန်ဖိုးနည်းအိမ်ရာတွေထဲက အခန်း ၆၀၀ ကျော်ကို စတင်ရောင်းချမှာဖြစ်ပြီး  နိုဝင်ဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်အတွင်း  လျှောက်ထားဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

ရွှေလင်ဗန်း၊ ကနောင်နဲ့ ယုဇနတန်ဖိုးနည်း အိမ်ရာတွေက ဆောက်လုပ်ရေးဝန်ကြီးဌာန ခွဲတမ်းဖြစ်တဲ့ အခန်း ၆၀၀ ကျော်ကို ဘဏ်ချေးငွေနဲ့ အရစ်ကျပုံစံ ရောင်းချပေးမှာဖြစ်ပြီး လျှောက်လွှာတွေကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်က ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ စုံစမ်းဝယ်ယူလျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

play

 

ဝယ်ယူလိုသူတွေက ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ဘဏ်စာရင်းဖွင့်လှစ်ထားသူဖြစ်ပြီး အခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်း ငွေသွင်းထားတဲ့သူတွေကိုပဲ အဓိကရောင်းချပေးမှဖြစ်ကာ ရှစ်နှစ်အရစ်ကျပုံစံနဲ့ ငွေပေးသွင်းရမှာဖြစ်ပြီး အခန်းတွေက ကျပ်သိန်း ၁၀၀ ကနေ သိန်း ၁၂၀ ခန့် ရှိတယ်လို့ဆိုပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက မြန်မာတစ်နိုင်ငံလုံးမှာ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း ၁၈၀,၀၀၀ ကျော်တည်ဆောက်ဖို့ စီစဉ်ထားပြီး ရန်ကုန်မြို့မှာ အခန်း ၈,၀၀၀ တည်ဆောက်မယ်လို့   ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောထားပါတယ်။

Source : 7DayDaily

Photos : Wai Linn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ